မော်လမြိုင်ကျွန်းမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

မအူပင် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ အုပ်ချုပ်ရေးလုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်အောင်မြင်စေရန် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားအား ဇူလိုင် ၁ ရက် နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးထူးကျော်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်နှင့် ဦးကျော်ဝင်းစိန်တို့မှ နိုင်ငံဝော်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များ၊ လွှတ်တော်တွင်း အတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နှင့်တာဝန်ရှိသူများမှရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုင်တွယ်ကျင့်သုံးသော ဥပဒေ၊ နည်းဥပဒေများ၊ မြေယာစီမံခန့်ခွဲခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သဘာဝဘေး ဆိုင်ရာများအား သင်ကြားပို့ချရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး (၈၈) ဦးတက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို ဇူလိုင် ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ တာဝန်ရှိသူများနှင့်ဌာနဆိုင်ရာအကြီးအကဲများမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မအူပင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆) အုပ်စုမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး စုစုပေါင်း (၈၈) ဦး တက်ရောက်ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)