စစ်ကိုင်း ဇူလိုင် ၃
စစ်ကိုင်းခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအတွက် အထွက်နှုန်းမလျော့စေဘဲ ဓာတ်မြေသြဇာ လျှော့ချသုံးစွဲပြီး ဆောင်းနေကြာစိုက်ပျိုးရန်အတွက် ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ကမ်းနားလမ်း ကွင်းအမှတ်၊ ၇ (က)၊ ရုံးကြီးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုက်ဆံလျှော် (၂) ဧကစိုက်ခင်း သစ်စိမ်းမြေသြဇာပြုလုပ်ခြင်း လက်တွေ့သရုပ်ပြသနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး ပိုက်ဆံလျှော်မျိုးစေ့များအား တောင်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)