ဒေးဒရဲ ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက် (၂၂)နှစ်အောက်နှင့် အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ဇွန် ၁ ရက်နေ့ညနေ (၃) နာရီက မြို့နယ်အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက အားကစား သစ္စာအဓိဌာန်ရွှတ်ဆိုကြောင်းခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် ဌာနဆိုင်ရာများက ပြိုင်ပွဲဝင်အသင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းသားများက စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြပြီး အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ ထို့နောက် အသက်(၂၂)နှစ်အောက်နှင့် အလွတ်တန်း အမျိုးသားဘောလုံးပွဲ အဖွင့်ပွဲစဥ်အဖြစ် အမှတ်(၁)ရပ်ကွက်အသင်းနှင့် အုန်းပင်ကျေးရွာအသင်းတို့ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသက် (၂၂)နှစ်အောက်နှင့် အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၂၆) ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများက ဘောလုံးအသင်း (၁၀) ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း