ငပုတောမြို့နယ်‌၌ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ငပုတော  ဇူလိုင်  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့်မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက တောရကျောင်းတိုက် ဘုန်း‌တော်ကြီးကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊‌ ကျောင်းသူများနှင့် တာဝန်ရှိသူများ စုစု‌ပေါင်း (၂၇၂) ဦး တက်ရောက်တက်ရောက်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် လွှတ်‌တော်ကိုယ်စားလှယ်များက တာဝန်ရှိသူများထံ စိုက်ပျိုးမည့် ပျိုးပင်များအား ပေးအပ်ခဲ့ကာ  ပျဉ်းကတိုး၊ မဟော်ဂနီ၊ ခရေ၊ (၅၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)