ဟုမ္မလင်း ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်မှူ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နှစ်ရှည်သီးနှံပင်(လက်ဖက်၊ ကော်ဖီ၊ မက္ကဒေးမီးယား) ပျိုးပင်များ ပေးအပ်ခြင်းအခမ်းအနားကို၊ ယနေ့နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့၊ မြို့မနည်းပညာဖွံ့ဖြိုးရေးစင်တာ(မြို့မKC)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်အေးအေးသင်းက အမှာစကားပြောကြား၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စုစုထွေးက နှစ်ရှည်သီးနှံပျိုးပင်များပေးအပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နှစ်ရှည်သီးနှံပင် (လက်ဖက်၊ ကော်ဖီ၊ မက္ကဒေးမီးယား) ပျိုးပင်များကို ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန (ဝန်ကြီးဌာနကိုယ်စားပြုခရိုင်ရုံး) ခရိုင်ဦးစီးဌာနမှူး(ကိုယ်စား) မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇာဇာလှိုင်က ကော်ဖီပျိုးပင်များကိုလည်းကောင်း၊ ဟုမ္မလင်းမြို့၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးသင်းက မက္ကဒေးမီးယား ပျိုးပင်များကိုလည်းကောင်း၊ မြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာဦးက လက်ဖက်ပျိုးပင်များကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရာဌေးမှ ကော်ဖီပျိုးပင်များကိုလည်းကောင်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်းညိုထွန်းက မက္ကဒေးမီးယား ပျိုးပင်များကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက ကော်ဖီပျိုးပင်များကိုလည်းကောင်း၊ ဟုမ္မလင်းမြို့နယ်ကျေးရွာအုပ်စု(၅)အုပ်စု၊ တုံလုံကျေးရွာ၊ စံကပ်ကျေးရွာ၊ နားသဲကျေးရွာ၊ ဟင်နောင်ကျေးရွာတောင်သူများထံသို့ လက်ဖက်ပျိုးပင်(၄၀၀၀)၊ ကော်ဖီပျိုးပင် (၄၀၀၀)၊ မက္ကဒေးမီးယားပျိုးပင် (၂၀၀၀)စုစုပေါင်းပျိုးပင် (၁၀၀၀၀)ပင်အားပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက၊ (လက်ဖက်၊ ကော်ဖီ၊ မက္ကဒေးမီးယား)ပျိုးပင်များ စိုက်ပျိုးနည်းကို တောင်သူများအား အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန (ဝန်ကြီးဌာနကိုယ်စားပြုခရိုင်ရုံး) ခရိုင်ဦးစီးဌာနမှူး (ကိုယ်စား)မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇာဇာလှိုင်၊ ဟုမ္မလင်မြို့၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးသင်း၊ မြိုနယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခိုင်မာဦး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရာဌေး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းညိုထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများ၊ ဟုမ္မလင်းမြို့နယ်၊ တုံလုံကျေးရွာ၊ စံကပ်ကျေးရွာ၊ နားသဲကျေးရွာ၊ ဟင်နောင်ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)