ကျုံပျော်မြို့၌ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်

ကျုံပျော် ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ကာ သဘာဝရေပြင် အင်းချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်က ကျုံပျော်မြို့၊  ပင်လုံရပ်ကွက် ဒါးကချောင်းရေပြင်၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းအောင်မော််က  တက်‌ရောက်လာသူများထံသို့ ငါးမျိုးများပေးအပ်ပြီး၊  ကျုံပျော်ခရိုင် စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်  ဌာနဆိုင်ရာ အကြီးအကဲများ၊ ပုသိမ်စခန်း တာဝန်ခံမျိုးနိုင်ဦးနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဆွေဆွေနှင့် အဖွဲ့ဝင်များက ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၁၇၅၀၀၀ နှင့် ငါးခုံးမကြီး သားပေါက်ကောင်ရေ ၁၇၅၀၀၀ တို့အား  ဒါးကချောင်းအတွင်းသို့ စုပေါင်း ငါးမျိုးစိုက်ထည့် ပေးခဲ့ကြသည်။

ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်၍  သဘာဝရေပြင်၊ အင်းချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိ‌ပြီး၊ ငါးမျိုးမပြုန်းတီးရေးနှင့် ငါးသယံဇာတ တိုးပွားရေးတို့အတွက် အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)