ငွေဆောင် ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊မြို့ပေါ်ရပ်ကွက်များရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ပိတ်ဆို့မှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး၊ မြို့စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ငွေဆောင်မြို့ပေါ် ရပ်ကွက် (၁၊ ၂၊ ၃) အတွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်မှု ရှိ၊ မရှိ၊ မိုးရေများ အဆင်ပြေချောမွေ့စွာ စီးဆင်းမှု ရှိ၊ မရှိ၊ အမှိုက်သရိုက်များနှင့် နှုန်းသဲများ ပိတ်ဆို့မှု ရှိ၊ မရှိနှင့် ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အရာများကို ဖယ်ရှားရှင်းလင်းရန် လိုအပ်မှုအခြေအနေများကို အသေးစိတ် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့အုပ်ချုပ်ရေးမှူးက မိုးရာသီကာလတစ်လျှောက်လုံး ရေစီးဆင်းမှု အဟန့်အတားမရှိစေရေး စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးရန်၊ မိမိတို့အိမ်ရှေ့ရှိ ရေနုတ်မြောင်းများအတွင်း အမှိုက်များ စည်းကမ်းမဲ့ မစွန့်ပစ်ကြရန် ဒေသခံပြည်သူများကို အသိပညာပေး တိုက်တွန်းခဲ့ပြီး၊ အမှိုက်ပိတ်ဆို့မှုနှင့် ပြင်ဆင်ရန် လိုအပ်ချက်များရှိပါကလည်း အချိန်နှင့်တပြေးညီ ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန် စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး (ပြန် / ဆက်)