စစ်ကိုင်း ဇူလိုင် ၃
ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မည့်အစီအစဉ်များအရ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) အား စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက သင်တန်းဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးမင်းမင်းဇေယျာမြင့်နှင့် ဦးသော်နိုင်ဦး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်၊မြို့နယ်အဆင့် တာဝန်ရှိသူများ သင်တန်း သား/သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းအား သင်တန်းသား၊ သင်တန်းသူ ၁၁၀ ဦး တက်ရောက်ခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးဇေယျာသိန်းထိုက် ဦးစီး၍ သင်တန်းဆရာ/မ စုစုပေါင်း (၈) ဦးဖြင့် ဥပဒေဘာသာရပ်(၉)ခုကို (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေလင်းအောင်(ပြန်/ဆက်)