နွေးထွေးသောလူမှုပတ်ဝန်းကျင်နှင့် အမျိုးသမီးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး (Talk Show) ကျင်းပ

ဟင်္သာတ ဇူလိုင် ၃

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "နွေးထွေးသောလူမှုပတ်ဝန်းကျင်နှင့် အမျိုးသမီးများရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး" အသိပညာပေး (Talk Show)ကို ဇူလိုင် ၁ ရက်နေ့က ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အသိပညာပေး (Talk Show)တွင် ဟင်္သာတခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်၊ ခရိုင်တရားသူကြီး ဒေါ်ခင်နွဲ့ကြူ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်လင်းလင်းမြတ် ခရိုင်ပြန်/ ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေတို့က အမျိုးသမီးများအတွက် နွေးထွေးသောလူမှု ပတ်ဝန်းကျင် တည်ဆောက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစသည့် ကဏ္ဍစုံများတွင် ဒေသခံပြည်သူများနှင့်အတူ နွေးထွေးလုံခြုံသည့် လူမှုပတ်ဝန်းကျင် ဖန်တီးပေးနေသည့် အခြေအနေများ၊ ငယ်ရွယ်စဉ်ကစ၍ အမျိုးသမီးများအတွက် ကျန်းမာသော အမျိုးသမီးဘဝမှသည် မိခင်လောင်း၊ မိခင်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ကျန်းမာရေးရှုထောင့်မှ လည်းကောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများအား ဥပဒေအရ အကာအကွယ် ပေးထားမှုများနှင့် လုပ်ငန်းခွင်အတွင်းမှာ ပေးအပ်ရရှိထားသည့် အမျိုးသမီးအခွင့်အရေးများကို လည်းကောင်း၊ အမျိုးသမီးများအပေါ် မတရားဖိနှိပ်ခြင်း၊ အကြမ်းဖက်ခြင်း၊ လူကုန်ကူးခံရသည့် အကြောင်းအရာများ မဖြစ်ပေါ်အောင် အသိပညာပေးခြင်းနှင့် မှန်ကန်သော သတင်းအချက်အလက်များ ထုတ်ပြန်ပေးနေမှုနှင့် မီဒီယာနည်းလမ်းဖြင့် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူလူထုအား Online မှာလည်း အသိပညာပေးလုပ်ငန်းများ၊ ဆွေးနွေးပွဲများ၊ စကားဝိုင်းများကို ရိုက်ကူးစီစဉ်ပေးလျက်ရှိရာ ယနေ့ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်ရွက်ခဲ့သည့် (Talk Show) စကားဝိုင်းမှ ဆွေးနွေးချက်များကို ဟင်္သာတခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page, Telegram, TikTok, Mtube များတွင်လည်း ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ကြောင်းနှင့် ဤအစီအစဉ်တွင် အမှတ်() အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(‌၃၅)ဦး ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်(ဟင်္သာတ)