မြင်းမူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မြင်းမူ ဇူလိုင် ၃

မြင်းမူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြင်းမူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

မြင်းမူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းလှိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင် ရွက်ပေးရာတွင် ကျား(၁၉)ဦး၊ မ(၂၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၁)ဦးအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဆောင်ရွက်ပေးနေမှုအား မြင်းမူမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဦးအောင်လှိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)