ဖျာပုံမြို့၌ ၁၀၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဟာရဒါန လှူဒါန်း

ဖျာပုံ ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီးဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမဦးစီးဌာန မိသားစုများမှ ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေကြသော လူနာရှင်များနှင့် လိုက်ပါစောင့်ရှောက်သူများအား နံနက်စာ အာဟာရဒါနလှူဒါန်းပွဲကို ဇူလိုင် ၁ ရက် နံနက်ပိုင်းအချိန်က အဆိုပါပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ကြသည်။

အဆိုပါ (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမဦးစီးဌာနမိသားစုများမှ ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေကြသော လူနာရှင်များနှင့် လိုက်ပါစောင့်ရှောက်သူများအား နံနက်စာအာဟာရဒါနလှူဒါန်းရာတွင် ဖျာပုံမြို့ သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးသိန်းထူးအောင်နှင့် ဝန်ထမ်းမိသားစုများက ထမင်း၊ သီးစုံဟင်း၊ ဘဲဥဟင်းနှင့် ပေါင်မုန့်တို့အား ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေကြသော လူနာရှင်များနှင့် လိုက်ပါစောင့်ရှောက်သူများအား နံနက်စာ အာဟာရဒါနအဖြစ် လှူဒါန်းပေးကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)