ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-3) ပွဲစဉ်အား ကြည့်ရှုအားပေး

ပုသိမ် ဇူလိုင် ၃

Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-3) ပွဲစဉ်တစ်ပွဲအဖြစ် ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းကွင်းအားကစားတွင် Ayeyawady FCအသင်းနှင့်  I.S.P.E FC အသင်းတို့ကစားခဲ့ကြရာ ပြိုင်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည် နှစ်ဖက်အသင်းမှ အားကစားသမားများကို လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီးနောက် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပွဲစဉ်တွင် I.S.P.E FC အသင်းက Ayeyawady FC အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး AYA Pay မှ ချီးမြှင့်သည့် AYA Pay Player of the Match အကောင်းဆုံးကစားသမားဆုကို I.S.P.E FC အသင်းမှ ရွှေရည်ထွန်းကရရှိခဲ့ကာ ၎င်းဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်ခဲ့သည်။

Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-3) ပွဲစဉ်ကို ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် Ayeyawady FC အသင်းက I.S.P.E FC အသင်းကို အိမ်ကွင်းအဖြစ် လက်ခံကစားခဲ့ကြောင်းသိရပြီး ဘောလုံးဝါသနာရှင်ပြည်သူများကလည်း ပွဲကြည့်စင်အပြည့် လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)