ကျုံပျော်မြို့နယ်၌ မျိုးစေ့ချကိရိယာဖြင့် သရုပ်ပြစိုက်ပျိုးခြင်း ပြုလုပ်

ကျုံပျော်  ဇူလိုင်  ၃

တောင်သူများ ငွေကြေးကုန်ကျစရိတ်သက်သာပြီး လုပ်သားရှားပါမှုကိုကျော်လွှားနိုင်ရန်နှင့် နည်းစနစ်တကျစိုက်ပျိုးတတ်စေရန်အတွက် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချ သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ၊ ကျုံပျော်မြို့နယ် မြေရဲတောင်အုပ်စု၊ တောင်သူ ဦးသိန်းတန်၏ လယ်မြေ၌ ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်သည်။

ဦးစွာ တက်ရောက်လာသူများအား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က မျိုးစေ့ချကိရိယာ (Drum Seeder) နည်းဖြင့် စိုက်ပျိုးခြင်း၏ အားနည်းချက်၊ အားသာချက်များအား အသေးစိတ် ရှင်းလင်းပြောကြားပြီး၊ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသည် မျိုးစေ့နှုန်းထားသက်သာ၍ လုပ်သားရှားပါးမှုကို လျော့ချနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ 

ကျုံပျော်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ တောင်သူများက တောင်သူဦးသိန်းတန်၏ လယ်မြေ (၂.၀၀) ဧကတွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချ စိုက်ပျိုးနေမှုအား ကြည့်ရှု့အားပေးခဲ့‌ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)