သာပေါင်း ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများပူးပေါင်း၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က အမှတ်(၂) ရပ်ကွက်၊ မြို့သစ် (၆) လမ်း၊ တောင်ညိုဂန္ဓာရုံကျောင်းတိုက်၊ ဓမ္မရက္ခိတဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်က လွှတ်တော်နှင့်ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်း ပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန အကြီးအကဲများက မိမိတို့၏ ဌာနလုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားကြကာ တတ်ရောက်လာကြသော ပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်း ပေးခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး