အိမ်မဲ ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Book Club အဖွဲ့ မှ စာရေးဆရာဖေမြင့်၏ “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၂)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး ဦးဆောင် ဆွေးနွေးသူများ အနေအဖြင့် မြို့နယ်ဦးစီးအရာရှိနှင့် Book Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း၊ စာဖတ်ခြင်းကြောင့် ဘာအကျိုးထူးတွေ ခံစားရရှိနိုင်သလဲ အစရှိသည့် ခေါင်းစဥ်များဖြင့် အကြောင်းအရာများကို အချင်းချင်း အပြန်အလှန် မိမိတို့ထင်မြင်ယူဆချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းများ ကျင်းပပေးခြင်းကြောင့် Club အဖွဲ့များ တစ်ဦးနှင့်တစ်ဦး ရင်နှီးမှုရှိခြင်း၊ တစ်ဦးကရရှိသည့် ဗဟုသုတကို အခြားသူများသို့ ဆက်လက်ဝေမျှနိုင်ခြင်း၊ စာဖတ်အား ပိုမိုကောင်းမွန်လာခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)