မော်လိုက် ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မိုးရွာသွန်းမှုကြောင့် ယနေ့နံနက်အစောပိုင်းက သစ်တောဦးစီးဌာနရှေ့ မင်္ဂလာလမ်းဘေးရှိ သစ်ပင်ကြီးတစ်ပင် အမြစ်မှကော်လဲကျပြီး လမ်းပိတ်ဆို့ကာ လူထိခိုက်မှုမရှိကြောင်းသိရသည်။
မော်လိုက်မြို့တွင် (၁)ရက်လျှင် ၂ လက်မခွဲကျော်(၂)ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် သစ်ပင်ကြီးတစ်ပင် အမြစ်မှကော်လဲကာမင်္ဂလာလမ်းပေါ်သို့ လဲကျပိတ်ဆို့နေမှုအား ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက စက်ယန္ဒရားများသို့၊ လူအင်အားဖြင့် ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိသည်။
ကိုထက်(ပြန်/ဆက်)