ဇလွန်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အခမ်းအနား ပြုလုပ်

ဇလွန် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် နှစ် (၃၀) ပြည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၆ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် နှစ် (၃၀) ပြည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုက အဖွင့်အမှာစကားပြောကြား၍ အမျိုးသမီးရေးရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းကူညီဆောင်ရွက်သော မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ပြန်/ဆက် ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာန၊ အားကာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ မြို့နယ် EC အဖွဲ့များ၊ ရပ်/ကျေးအမျိုးသမီး ရေးရာလုပ်ငန်းများတွင် စေတနာ၊ ဝါသနာအရင်းခံ၍ အမျိုးသမီးရေးရာလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သော အဖွဲ့ဝင်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားမှုများကို Power Point ဖြင့်ပြသခဲ့သည်။ ယင်းနောက်အသေးစားချေးငွေဖြင့် ဝင်ငွေတိုးအောင်ဆောင်ရွက်ခဲ့သော လုပ်ငန်းများမှဒေသထွက် ရောင်းကုန်ပစ္စည်းများ ရောင်းချပေးနေမှုအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုနှင့် တာဝန်ရှိသူများက ကြည့်ရူ့အားပေးခဲ့ကြသည်။

.ဝေယံ - ဇလွန်(ပြန်/ဆက်)