ကလေးဝမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲ အောင်စာရင်းထုတ်ပြန်

ကလေးဝ ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲ အောင်စာရင်းကို ဇူလိုင် ၁ ရက်နေ့ နံနက် ၇ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပြန်ခဲ့သည်။

စာမေးပွဲကို နိုင်ငံတော်အစိုးရက အကြောင်းအမျိုးအမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ် ကလေးများအားလုံးကို ပညာသင်ကြားနိုင်သည့် အခွင့်အရေးမဆုံးရှုံးစေရန်အတွက် တက်ရောက်သင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသည့် ကျောင်းပြင်ပရောက်ကလေးများ (မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်) Placement Test (အထူးအစီအစဉ်) အရည်အချင်းစစ် စာမေးပွဲကို ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က စတင်၍ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ စာမေးပွဲသို့ Grade-4 မှ Grade-8 အထိ ဝင်ရောက်ဖြေဆိုသူ ၂၂၆ ဦးရှိရာ Grade-4 မှ Grade-5 အတွင်းအောင်မြင်သူ ၄၂ ဦး Grade-6 မှ Grade-8 အတွင်းအောင်မြင်သူ ၂ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးမောင်လွင်ထံမှ သိရသည်။

မြို့နယ် (ပြန် /ဆက်)