မိုးညိုမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် သွင်းအားစုများပေးအပ်

မိုးညို ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သမဝါယမဦးစီးဌာနရုံး၌ (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် (အကြို) သွင်းအားစုများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းအောင်ကျော်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်မြင့်တို့က သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းဆောင်ရွက်သော အသင်း (၇) သင်း၊ အသင်းသား (၂၇၉) ဦး၊ စိုက်ဧက (၁၈၀၀) အတွက် ငွေကျပ်သန်း ၄၅၀ နှင့်ညီမျှသော သွင်းအားစုများကို အသင်းသားတောင်သူများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)