ဖြူး ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အ.လ.က (ခွဲ) ထန်းကုန်းကျောင်းရှိ အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား/ သူများအား ဇူလိုင် ၁ ရက်နေ့၊ နံနက်ပိုင်းကစတင်ကာ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးနိုင်ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းက ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)