ရေတာရှည်မြို့နယ် မူလွန်ဘိုးတော်ကုန်းကျောင်း၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်

ရေတာရှည် ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယမန်နေ့နံနက် (၉) နာရီက မူလွန်ဘိုး‌တော်ကုန်းကျောင်း၌ ကျောင်းသား/သူများအား အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါစောင့်ရှောက်မှုများ ပြုလုပ်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ‌ရေတာရှည်မြို့ (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ခင်စန်းလှိုင်က ကျန်းမာ‌ရေးအသိပညာ‌ပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး ဆေးရုံအုပ် ဒေါ်ခင်စန်းလှိုင်ဦး ဆောင်သောတိုင်းရင်းဆေးဝန်ထမ်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသားသူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)