ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (တတိယနေ့)နေ့အောင်မြင်စွာကျင်းပပြီးစီး

ထားဝယ်       ဇန်နဝါရီ ၂၂

ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ယနေ့နံနက်၁၀နာရီက ထားဝယ်မြို့တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်             အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၇)ဦး ၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆)ဦးနှင့် သတင်းမီဒီယာ (၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ က ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(တတိယနေ့) အစည်းအဝေးတက်ရောက်မှု အခြေအနေကိုမှတ်တမ်းတင်ခြင်း ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားသော ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ခွင့်ပြု‌ငွေစာရင်းနှင့် ပြုပြင်ပြီးရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ က ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်

ထိုနောက် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က တင်သွင်းထားသော တိုင်းဒေသကြီးတရားလွှတ်တော်နှင့် တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများ၏ (၁.၁၀.၂၀၁၆) ရက်နေ့မှ (၃၁.၁၂.၂၀၂၀) ရက်နေ့အထိ တရားစီရင်ရေးရာ၊ စီမံရေးရာ၊ ထောက်ပံ့ရေးရာဆောင်ရွက်ချက် များအခြေအနေ ကို တင်ပြသည့် အစီရင်ခံစာအား တိုင်းဒေသကြီး လွှတ်တော် က မှတ်တမ်းတင်ခြင်း ၊ တနင်္သာရီတိုင်းဒေသကြီး ဥပ‌ဒေချုပ်က တင်သွင်းထားသော တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ဥပဒေရေးရာ ၊ အမှုလိုက်နှင့် ဥပဒေ အသိပညာပေးဆိုင်ရာ ဆောင်ရွက်ချက်များအစီရင်ခံစာ အား တိုင်းဒေသကြီး လွှတ်တော် က မှတ်တမ်းတင် ခဲ့ပါသည်

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ က ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သက်တမ်း (၅)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု တင်ပြ ချက်အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ ၊ ကတိများ၊ တာဝန်ခံချက်များစိစစ်ရေး ကော်မတီ က ဒုတိယအကြိမ် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်သက်တမ်း (၅)နှစ်တာကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှု တင်ပြချက်အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အမှာစကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး(တတိယနေ့) ကိုနံနက် ( ၁၁: ၂၂ ) နာရီအချိန်ခန့်တွင်‌ ရပ်နားခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)