ပလောက် ဇန်နဝါရီလ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အမှတ်(၁)ရပ်ကွက် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေး အပ်ခြင်းကို ယနေ့ နံနက် (၁၁)နာရီခွဲ က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာန ရံပုံငွေမှ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီး ဘိုး/ဘွားများကို တစ်ဦးလျှင် တစ်လ ၁၀၀၀၀/- နှုန်းဖြင့် (၃)လစာ ၃၀၀၀၀/-ကျပ် ကို သက်ကြီး ဘိုး/ ဘွား(၉)ဦး အတွက် ငွေကျပ် (၂၇၀၀၀၀/) အား ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိ သူများ က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
ပလောက်(ပြန်/ဆက်)