ဟုမ္မလင်း ဇန်နဝါရီ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပို အောင်စံပြကျေးရွာမှ သဖန်းကုန်းကျေးရွာဘက်သို့ တည်ဆောက်ထားသည့် ဥရုမြစ်ကူးကြိုးတံတားအား ကွန်ကရစ်တံတား အဆင့်မြှင့်တင် တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းကအဆို ပါနေတွင် ကျင်းပခဲ့ကြောင်းသိရသည်။
မင်္ဂလာအချိန်တွင် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျယ်တော်မှုကြပြီး သတ်မှတ်နေရာများတွင် လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ အမှတ်(၂) လမ်းတံတားညွှန်ကြားရေးမှူး ဦးအောင်သီဟနှင့် တာဝန်ရှိသူများက ပန္နက်တိုင်များရိုက်ပေးပြီး၊ အမွှေးနံ့သာ ရည်များ ပတ်ဖျန်း ပေးခဲ့ကြကြောင်းသိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေနှစ ်တံတားတည်ဆောက်မည့် ငွေကျပ် (၂) ဘီလံယံဖြစ်ပြီး၊ တံတား အကျယ် (၂၆)ပေ ရှိကြောင်းသိရ သည်။
ယခင်ကြိုးတံတားမှာ ခံနိုင်ဝန် (၁၃)တန်သတ်မှတ်ထားသဖြင့် ကုန်တင်ယာဥ်ကားကြီးများ ဖြတ်သန်းသွား လာမရသောကြောင့် ဇတ်ကူးတိုးဖြင့် ကူးရသည့်အတွက် ဒေသအတွင်း ကုန်စည်စီးဆင်းမှု ကြန့်ကြာသည် ဟုသိရ သည်။ ယခုအခါ ဥရုမြင့်ကြိုးတံတား အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးပါက အချိန်တိုအတွင်း ကုန်စည် စီးဆင်းမှု မြန်ဆန်းလာမည်ဖြစ်ကြောင်းသိရသည်။
လင်းလင်း(ပြန်/ဆက်)