ငပုတော၌ ရပ်ကွက် နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ရေးအဖွဲ့ဝင်များအား စိစစ်ရွေးချယ်

ငပုတော  ဇန်နဝါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့မှ ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ကြီးကြပ်ရေးအဖွဲ့ဝင်များ စီစစ်ရွေးချယ် ခြင်းကို ယနေ့နံနက်ပိုင်းက အနောက်ပိုင်း ရပ်ကွက်နှင့် ကံကွင်းကျေးရွာများသို့ သွားရောက် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ငပုတော မြို့နယ်အတွင်း၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန်အတွက် မြို့နယ် ကွင်းဆင်းရွေးချယ်ရေးအဖွဲ့အား ဌာနဆိုင်ရာ ၄၅ ဦးမှ တစ်ဖွဲ့လျှင် ၅ ဦးနှုန်းဖြင့် ၉ ဖွဲ့ခွဲ၍ ကြီးကြပ်ရေး အဖွဲ့ဝင်များအား ကွင်းဆင်း စီစစ်ရွေးချယ်လျက်ရှိသည်။

ထိုကဲ့သို့ ကြီးကြပ်ရေး အဖွဲ့ဝင်များအား ကွင်းဆင်းရွေးချယ်ရခြင်းမှာ ငပုတောမြို့နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသည့် ရက်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှာ ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းပြီးဆုံး မည်ဖြစ်သောကြောင့် အုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်ထား နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့မှ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စုများသို့ သွားရောက်၍ အိမ်ထောင်စု ကိုယ်စားလှယ်များအား ဖိတ်ကြားတွေ့ဆုံကာ အများကြည်ညို လေးစားပြီး ဩဇာတိက္ကမရှိသူ ကြီးကြပ်ရေး အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင် လိုသူများအား စိစစ်ရွေးချယ် နိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)