လောင်းလုံး ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးကော်မတီ၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးဘးကြိုတင်ကာကွယ် ရေးအတွက် ယမန်နေ့ ညနေ ၃နာရီက ပူးပေါင်းအဖွဲ့ဖြင့် မီးလောင်လွယ်သည့် လောင်စာဆီ (ဓာတ်ဆီ/ဒီဇယ်ဆီ)(လက်လီ/လက္ကား)အရောင်းဆိုင်များ နှင့် တရားမဝင်လောင်စာဆီအရောင်းဆိုင်များ အား လောင်းလုံး မြို့ပေါ်/ရပ်ကွက်တွင် အသိပညာပေး စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆေးမှုပြုရာ၌ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ၊ ဦးမျိုးဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့ပူးပေါင်း ပါဝင်ကြပြီး ရပ်ကွက်အတွင်း လက်လီ/လက္ကား လောင်စာဆီ(ဓာတ်ဆီ/ဒီဇယ်ဆီ) အရောင်းဆိုင်ပိုင်ရှင်များကို လိုက်လံစစ်ဆေး၍ မြို့ပေါ် ရပ်ကွက်လမ်းများအတွင်း ရောင်းချခြင်းလုံးဝ(လုံးဝ)မပြုရန် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးကာ ခံဝန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရှိရသည်။
သိန်းသိန်း (ပြန်/ဆက်)