ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ကျင်းပသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ (တာဝန်ခံ)တောအုပ်ဦးလှမင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများက တက်ရောက်ကြကာ ပျိုးပင်များအား ပျော်ရွင်စွာစုပေါင်းစိုက်ပျိုးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

 “သက်ရှိ‌လောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးထိမ်းသိမ်းစို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ‌တော်တွင် ပျဥ်းကတိုး (၂၀၀)ပင်နှင့် မန်ဂျန်ရှား (၂၀၀)ပင်၊ စုစုပေါင်းပျိုးပင်(၄၀၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)