ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် Ayeyawady FC အမျိုးသမီးအသင်းမှ ကစားသမားများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများ၏ Meet The Future အစီအစဉ်အား တက်ရောက်ကြည့်ရှုအားပေး

ပုသိမ် ဇူလိုင် ၂

Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့် Ayeyawady FC အသင်းမှ ကစားသမားများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများ၏ Meet The Future အစီအစဉ်ကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းဖူဆယ်အားကစားရုံတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဝန်ကြီးချုပ်နှင့် ဧည်သည်တော်များသည် Ayeyawady FC အမျိုးသမီးအသင်းမှ နည်းပြ၊ ကစားသမားများသည် အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများနှင့်အတူ ဘောလုံးအခြေခံအားကစားနည်းများ လေ့ကျင့်ခြင်း၊ ဂိမ်းကစားခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။ Meet The Future အစီအစဉ်ကိုပြုလုပ်ခြင်းဖြင့် အခြေခံပညာကျောင်းများမှတဆင့် မျိုးဆက်သစ်အားကစားသများ စဉ်ဆက်မပြတ်မွေးထုတ် ပေးနိုင်ရေး၊ အားကစားသမားများ နည်းပြများနှင့် တိုက်ရိုက်ထိတွေ့ခြင်းအားဖြင့် ကလေးငယ်များ အားကစားကဏ္ဍတွင် ပိုမိုစိတ်ဝင်မှုရှိလာစေရေး၊ ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေး ငယ်စဉ်ကတည်းကပင် စနစ်တကျရွေးချယ်၍ ပြုစုပျိုးထောင် ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကျောက်တိုင် အားကစား ကွင်း၌ ပုသိမ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာနှင့် တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အမှတ် ၇၊ ၈ ရက်ကွက် ကိုယ်စားပြု BRETHREN FC အသင်းနှင့် အမှတ် ၁၂၊ ၁၅ ရက်ကွက်ကိုယ်စားပြု FAMILY FC အသင်းတို့၏ ယှဉ်ပြိုင်မှုများကို တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို ယခုလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)