အိမ်မဲ ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာ၊ အ-လ-က(ပေပင်စု) ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် တို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အ-လ-က(ပေပင်စု)ကျောင်အုပ်ဆရာမကြီး ဒေါ်ပွင့်ဖြူစိုးက အဖွင့်အမှာစကားပြောကြား ခဲ့ပြီးအိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ကာ လူငယ်နှင့် အောင်မြင်မှု၊စာပေဖတ်ရှု ခြင်း၏အကျိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း (၄)မျိုးအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်စုမြတ်သဲတို့နှင့်အတူ အဆိုပါကျောင်းမှ Grade-9 ကျောင်းသား/သူများဖြစ်ကြသော စခန့်ရှုခလိန်၊ စမိုးလင်းဦး၊ နန့်မိုးပွင့်ဖြူ၊ နန့်မေပြည့်စုံတို့က “မူးယစ်ဆေးဝါး ဆိုသည်မှာ”၊ “မူးယစ်ဆေးဝါးသုံးစွဲမိသည့် အကြောင်းအရင်းများ”၊ “မူးယစ်ဆေးဝါးသုံးစွဲသူ၏ သွင်ပြင်လက္ခဏာများ”၊ “မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သောစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ” အစရှိသည့်ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး သိရှိလိုသူများကို တက်ရောက်လာသောကျောင်းသား /သူများက မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသရရှိစေမည် စာအုပ်စာစောင်များကို ပြသပေးခဲ့ရာကျောင်းသား/သူများက လေ့လာကြည့်ရှုခဲ့ကြသည်။
အလားတူမွန်းလွဲ (၂)နာရီအချိန်တွင် အ-လ-က (သင်္ဃန်းကုန်း)ကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ၊ လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့သည်။
ချစ်သက်လယ်(ပြန်/ဆက်)