ထီးချိုင့် ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီ ဇင်ဘာ) လများအတွက် လူမှုရေး ပင်စင် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးသိန်းဟန်တို့မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလွင်မှ ဘိုးဘွား ထောက်ပံ့ငွေပေး အပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထီးချိုင့်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား (၄၉၃)ဦး၊ အသက်(၁၀၀)နှင့်အထက် ဘိုးဘွား (၇)ဦးတို့အား Covid - 19 ကပ်ရောဂါကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေကျပ် ( ၁၄၇၉၀၀၀၀) သိန်းအား ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များထံ ပေးအပ်ခဲ့ပါသည်။ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် ဘိုးဘွားများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလွင်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် ရပ်ကျေးစာရေးများတက်ရောက်ခဲ့ကြပါသည်။
ရဲလင်းထွန်း ( ထီးချိုင့် )