ကျုံပျော်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်လှစ်

ကျုံပျော် ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို  ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်သည်။

ဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ဒေသန္တရအုပ်ချုပ်ရေးယန္တရား စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်သဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာ ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ၂၀၁၂ ခုနှစ် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ/နည်းဥပဒေစာအုပ်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေ/နည်းဥပဒေ စာအုပ်များအား ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းသို့  မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု  ၉၇ အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ သင်ခန်းစာများကို သင်တန်းကာလ ရက်သတ္တပတ် လေးပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေဝင်းမြင့် (ပြန်/ဆက်)