ကြံခင်းမြို့နယ်ရုံးတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ “တန်ဖိုးထားအပ်သော အရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဇူလိုင် 

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူများ Book Club, Women Club, Youth Club အဖွဲ့များနှင့်ပူးပေါင်း၍ စာရေးဆရာ ဖေမြင့် ရေးသားသော “တန်ဖိုးထားအပ်သော အရာများ” စတုတ္ထအကြိမ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်မိုးမြင့်က စာဖတ်ဝိုင်းများကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ စာရေးဆရာ ဖေမြင့် ရေးသားသော “တန်ဖိုးထားအပ်သော အရာများ” စာအုပ်အား ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် Women Club အဖွဲ့ ဒေါ်လှလှလေးက “နေတတ်တဲ့သူ”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်စန္ဒာငြိမ်းက “တစ်ခါတစ်ရံ အရှိကိုအရှိအတိုင်း”၊ ဒေါ်ဝေဇင်မြင့်အောင်က “သူတစ်ပါးကိုပဲ လက်ညှိုးထိုးချင်သူ”၊ ဒေါ်ဆန်းဆန်းသစ်က “ဘာကို ယုံကြည်ကြမည်လဲ” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက အသီးသီး အပြန်အလှန်ဆွေးနွေးကြသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များကို Book Club, Women Club, Youth Club အဖွဲ့များက လေ့လာကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)