ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းလုပ်ငန်းအား ရှင်းလင်း

ကျောင်းကုန်း  ဇန်နဝါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်း‌ဆိပ်အုပ်စု၊ ရွှေဘုန်းမြင့်ကျောင်းတိုက် အတွင်း၌ ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။                                                                                            

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း က ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ် ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီရွေးချယ်ရေး ဥပဒေ၊ နည်းဥပဒေအရကြီးကြပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်း ဆွေးနွေးခဲ့သည်။                         

ထို့နောက် တက်ရောက်လာသူများက မရှင်းလင်းသည့်အချက်များ မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ပြီး၊ ကျောင်းကုန်းမြို့နယ်တွင် ဇန်နဝါရီလ(၂၃)ရက်နေ့မှ စတင်၍ ကြီးကြပ်ရေးမှူး(၅)ဦးကို အုပ်စု(၅)စုခွဲကာ ရွေးချယ်ပေးသွားမည် ဖြစ်သည်။   

အခမ်းအနားအပြီးတွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)