ကန့်ဘလူ ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ခဲ့သော အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၃၀ ရက်မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ကန့်ဘလူခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်မာအေးက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ ကျောင်းသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်မာအေးက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ပြီး နှစ်သိမ့်ဆုရရှိသူ ကျောင်းသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နန္ဒာအောင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုးတို့က ချီးမြှင့်ပေးအပ်ကြသည်။
အဆိုပါ အထက်တန်းဆင့်စာစီစာကုံးပြိုင်ပွဲကို ဇွန် ၂၆ ရက်က အထက (၁) ကန့်ဘလူ၌ ကျောင်းသူ ၂၈ ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်အမျိုးသမီးရောရာအဖွဲ့မှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)