ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး ဇူလိုင်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ညောင်လေးပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြွန်တန်ဆာမြို့ရှိသပြေရိပ်လယ်ယာသုံးစက်မှု/လက်မှုလုပ်ငန်းသို့သွားရောက်ခဲ့ပြီး ဒေသတွင်းထုတ်လုပ်လျက်ရှိသည့် ရိတ်သိမ်းခြွေလှေ့စက်နှင့်တွဲဘက်ထားသည့် ပဲသန့်စင်စက်၊ လယ်ယာသုံး ဓါးစက်တုံး၊ ၃၂ လက်မ လယ်ယာသုံးသံဘီး နှစ်တန်းထိုးကြား ပေါင်းလိုက်သမန်းနိုးစက်နှင့် တစ်တန်းထိုးကြားပေါင်းလိုက် သမန်းနိုးစက် တီထွင်ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး တောင်သူများတစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုနိုင်ရေးနှင့် ဈေးကွက်ရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်ခရိုင်စုပေါင်းရုံးသို့ ရောက်ရှိခဲ့ရာ အမှတ် () အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တံခါးမြို့မှ ၂၀၂၅-၂၀၂၆ ခု ပညာသင်နှစ်၌ မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာတွဲပထမအဆင့် အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သူ မစုမြတ်အောင်နှင့် မိသားစုများ၊ ဆရာမများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး သီးခြားဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်အထွေထွေရောဂါကု ဆေးရုံကြီးသို့ရောက်ရှိခဲ့ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ဒေသခံပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများအား နွေးနွေးထွေးထွေး လိုက်လံမေးမြန်းခဲ့ရာ သက်ဆိုင်ရာဆရာဝန်ကြီးများက ဆေးကုသပေးနေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကာ ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ညောင်လေးပင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ဦးသိန်းလွင်၏ရွှေခေတ်မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ထုတ်ပိုးမှုပုံစံများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကိုအခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်မြို့နယ်၊ ဆေးရိုးခင်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးစောဆာကေ၏ ဒေသကြက်ကောင်ရေ (၅၀၀၀) ကိုယ်တိုင်ထုတ်လုပ်မွေးမြူနေမှုနှင့် အသားတိုးဝက်မွေးမြူထားရှိမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်းအသားစားသုံးမှုဖူလုံပိုလျှံစေရေးနှင့် မွေးမြူရေးလုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပဲခူး-ညောင်လေးပင် ကားလမ်းတစ်လျှောက် မိုးစပါးနှင့် မိုးသီးနှံများ စိုက်ပျိုးနေမှုတို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)