သဲကုန်း ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ရာသီပေါ်ပန်းထိမ်မနိုင် (ပန်းထိမ်ငို) ပန်းများအား မိမိအိမ်ခြံဝန်းများအတွင်း၌ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ပန်းထိမ်မနိုင် (ပန်းထိမ်ငို) ပန်းပင်သည် ရေကြိုက်သောအပင်မျိုးဖြစ်ပြီး အအေးပိုင်း ဒေသများတွင်သာမက အပူပိုင်းဒေသများတွင်လည်း အများဆုံးစိုက်ပျိုးလေ့ရှိပြီး သဲကုန်းမြို့နယ်တွင် ပန်းထိမ်မနိုင် (ပန်းထိမ်ငို) ပန်းပင်များကို တစ်ပိုင်တစ်နိုင်မျှသာ စိုက်ပျိုးကြပြီး ကိုင်းထိုးစိုက်ခြင်းနှင့် ဥမှစိုက်ခြင်းဖြင့် မိုးဦးကျ (ဇွန်နှင့်ဇူလိုင်) တွင် စတင်စိုက်ပျိုးကြရာ (ဇန်နဝါရီနှင့် ဖေဖော်ဝါရီ) လများတွင် စိုက်ပျိုးနိုင်ပြီး အခင်းဖြင့်စိုက်ပျိုးခြင်းနှင့် နှစ်ရှည်ပင်များကြားတွင် ကြားညှပ်စိုက်ပျိုးကြပြီး မြေပြုပြင်ခြင်း၊ ပျိုးဘောင်တင်ခြင်း၊ သဘာဝမြေဩဇာ (နွားချေး) ထည့်ပေးခြင်းဖြင့် ပန်းဥများပျိုးထားပြီး၊ အပင်၊ အပွင့်နှင့်အခက်များ ကြီးထွားစေရန်အတွက် အပင်နှင့်အပွင့်အားဆေးများ သုံးစွဲပေးရပြီး ရောဂါကာကွယ်ရန်အတွက် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများ သုံးစွဲပေးရပြီး၊ ပန်းထိမ်မနိုင် (ခေါ်) ပန်းထိမ်ငိုပန်းများသည်မိုးရာသီ ဇွန်လဆန်းပိုင်းတွင် ဈေးကွက်ဝင် ပန်းခိုင်များစပေါ်ပြီး ပန်းတစ်ခိုင်လျှင် (၅၀၀) ကျပ် နှုန်းဖြင့် ရောင်းလျက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)