မြို့သစ် ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးရန် (၆၄၂ဝ၁)ဧကလျာထားခဲ့ပြီး (၅၃၃၂)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
မြို့သစ်မြို့နယ်တွင် တောင်သူများမိုးစပါးစိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နတ်မောက်ဆည်ရေလှောင်တမံ၊ ပုလင်းဆည်ရေလှောင်တမံ၊ စွန်ဆည်ရေလှောင်တမံ၊ ဆဒ္ဒန်ဆည်ရေလှောင်တမံမှ ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ မြို့သစ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ ဒေသနှင့်ကိုက်ညီသည့် အထွက်ကောင်းမျိုးကောင်းမျိုးသန့်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းပညာပေးဆောင်ရွက်ခြင်း၊ စိုက်ပျိုးရာတွင် နည်းစနစ်ကျနစွာစိုက်ပျိုးနိုင်ရေး၊ မြေဆီမြေဩဇာအချိုးကျမှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် လိုအပ်သည့်နည်းပညာများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ပြန်/ဆက်