ချောက် ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောက်မြို့နယ် ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် နှင့် UIDကတ်များဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်၉နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမတွင် ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးဇင်ဘိုဘိုအောင်နှင့်ဝန်ထမ်းများက အသက် ၁၀ နှစ်အထက် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၀၉)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် Biometric data ကောက်ယူ၍ UID ကတ်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သွင်သွင်ငြိမ်း၊ ချောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက်ပေးအပ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)