လိပ်သို ဇန်နဝါရီ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ လိပ်သိုမြို့တွင် အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ (၃) ရက်တာ သင်တန်းကို ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ယမန်နေ့ နံနက်က ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရပါသည်။
သင်တန်းဖွင့်ပွဲတွင် သံတောင်ကြီးအမျိုးသမီးများအဖွဲ့၏ ဒါရိုက်တာ ဒေါ်နော်မာမာချို မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး အမျိုးသမီးများလုံခြုံဖို့၊ အမျိုးသမီးများ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို နားလည်သိရှိဖို့ရန်နှင့် သံတောင်ကြီးဒေသမှာရှိသော အမျိုးသမီးများကို ရည်ရွယ်ပြီး (၃) ရက်တာသင်တန်း ပို့ချပေးခြင်းဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့သည်။
သင်တန်းတွင် အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအကြောင်း များကို ပို့ချပေးမည်ဖြစ်ပြီး အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုပညာရပ် များကိုလည်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်းကို ကျန်းမာရေး နှင့် အားကစား၀ န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ပို့ချခဲ့ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)