မအူပင် ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမဦးစီးမှူးနှင့် ဝန်ထမ်းများမှ မအူပင်ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဆေးပဒေသာပင်စိုက်ထူခြင်းအား ယမန်နေ့ညနေပိုင်းက ဆောင်ရွက်သည်။
အဆိုပါ ဆောင်ရွက်ခြင်းအား မအူပင်မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန့်စင်၏ဦးဆောင်မှုဖြင့် သမဝါယမဝန်ထမ်းများစုပေါင်း၍ ဘိုးဘွားရိပ်သာဝန်းအတွင်းစုပေါင်း၍ တံမြက်စည်းလှည်းခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရည်သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများဆောင်ရွက်ခဲ့ပြီး ဘိုးဘွားများအတွက် ဆေးပဒေသာပင်စိုက်ထူခဲ့ရာ ဘိုးဘွားရိပ်သာဥက္ကဋ္ဌ ဦးစိုးဝင်းမှလက်ခံရယူခဲ့ပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)