ကော့ကရိတ်မြို့၌ နေအိမ် ပြင်ပထွက်သူများကို အဝတ်ပိတ်နှာခေါင်းစည်း maskများ အခမဲ့ဖြန့်​ဝေ​ပေး

ကော့ကရိတ် ဇန်နဝါရီ   ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊​​ ကော့ကရိတ်မြို့တွင် ကိုဗစ်၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် နေအိမ်ပြင်ပ ထွက်သူများ ပါးစပ်နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် အဝတ်ပိတ်နှာ​ခေါင်းစည်းmaskများ အခမဲ့ဖြန့်​ဝေ​ပေးခြင်းကို ယနေ့နံနက် ပိုင်းက လူစည်ကားရာနေရာများ ဖြစ်သည့် မြို့မရဲစခန်း​ရှေ့ မီးပွိုင့်လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် ​ကေ့ာကရိတ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးဆန်းနု ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ​​ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ပြန်ဆက်ဦးစီးဌာန၊ ​မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ လူမှုရေးအသင်းအဖွဲ့တို့မှပူးပေါင်း၍ ​နေအိမ်ပြင်ပသို့ နှာခေါင်းစည်း (mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာကြသူများကို ဒိန်းမတ်နိုင်ငံမှလှူဒါန်း​သော အဝတ်ပိတ်နှာခေါင်း စည်း (mask)များ အခမဲ့ဖြန့်​ဝေ​ပေးပြီး ​​နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်းmask တပ်ဆင်သွားလာရေး တို့ကိုအသိပေး ပြောကြားခဲ့သည်။

အဆိုပါ နှာ​ခေါင်းစည်း mask တပ်ဆင်​ရေးအခမဲ့ဖြန့်​ဝေ​ပေးခြင်းကိုတစ်ပါတ်လျင် (၂)ကြိမ်နှုန်းဖြင့် မြို့နယ် ကိုဗစ်၁၉​ရောဂါကာကွယ်ထိန်းချုပ်​ရေး​ကော်မတီမှပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်​​ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)