(၁၀၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ကလေးငယ်များအား အာဟာရကျွေးမွေးလှူဒါန်း

ငပုတော ဇူလိုင် ၁

၂၀၂၆ ခုနှစ် ဇူလိုင်လ (၄)ရက်‌နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ငပုဝောာမြို့နယ် သမဝါယမမိသားစုမှ ဦးစီးအရာရှိ ဒေါ်ခင်မာအေးနှင့်ဝန်ထမ်းများက ငပုတောမြို့ အရှေ့ပိုင်းရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော မဟာရာဇာမုနိအောင်တော်မူ စေတီတော်မြတ်ကြီးတွင် ဘုရားရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူခြင်းနှင့်စုပေါင်း သန့်ရှင်းရေးဆောင်ရွက်သည်။

ဆက်လက်ပြီး  ငပုတောမြို့နယ် သမဝါယမမိသားစုမှ ဦးစီးအရာရှိ ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများက အ-မ-က (ဥယျာဉ်ကုန်း) ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား  အာဟာရပြည့်ဝ‌စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေရန် ရည်ရွည်ပြီး ကျောင်းသား/ကျောင်းသူများအား ပဲနို့ဘူးများနှင့် ပေါင်မုန့်များကို ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အောင်သူ(ပြန်/ဆက်)