မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

မြောင်းမြ       ဇူလိုင်  ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇူလိုင်လ (၁) ရက်နေ့ နံနက် ၇ နာရီက (၇) လမ်းထိပ်၌ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

အခြေခံစာသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား မြောင်းမြခရိုင် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီမှ ဈေးရောင်းအဖွဲ့ (၅) ဖွဲ့အား ဖွဲ့စည်းတာဝန်ပေး၍ မိမိတို့တာဝန်ကျသည့်နေ့တွင် လူတစ်ဦးလျှင် ဆန်တစ်ပြည် (၂၀၀၀) ကျပ်နှုန်းဖြင့် (၂) ပြည်အား လည်းကောင်း၊ စာအုန်းဆီ တစ်ပိဿာ (၈၁၀၀) ကျပ်နှုန်းဖြင့် (၅၀) ကျပ်သားအားလည်းကောင်း၊ ကြက်ဥ (၁၁) လုံး (၅၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း မူလဈေးနှုန်းအောက် လျှော့ချ၍ ရောင်းချပေးခဲ့သည်။

အဆိုပါအခြေခံစားသောက်ကုန်များ ရောင်းချနေမှုအား မြောင်းမြခရိုင်နှင့် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့တိုင်း နံနက် ၇ နာရီအချိန်မှ စတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)