တီးတိန် ဇူလိုင် ၁
ချင်းပြည်နယ် တီးတိန်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝင်းသန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။ ဆက်လက်၍ သက်ဆိုင်ရာနည်းပြများက သင်တန်းပို့ချကြသည်။ အဆိုပါသင်တန်းတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၅၀ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်လေးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)