ဟားခါး ဇူလိုင် ၁
ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၆) ကို ဇွန် ၃၀ ရက် ညနေ ၃ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ် တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားသည်။
ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် စားသုံးသူအသိပညာပေး ဟောပြောပွဲများ၊ စျေးကွက်စောင်ကြည့်စစ်ဆေးရေးလုပ်ငန်းများ၊ အသေးစား/ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အစိုးရသစ် ရက် ၁၀၀ ကာလအတွင်း လုပ်ငန်းလျာထားချက်များ၊ အစီအမံများကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ချင်းပြည်နယ်ရှိ စားသုံးသူပြည်သူများအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အဖွဲ့ဝင်များကလည်း ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး အကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ၊ အတွင်းရေးမှူး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က စားသုံးသူရေးရာကော်မတီအစည်းအဝေး (၅/၂၀၂၆) ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)