သဲကုန်းမြို့နယ်တွင် (၁၀၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငါးသားပေါက်/ ငါးမှုန်များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

သဲကုန်း ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၁၀၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ငါးသားပေါက် / ငါးမှုန်များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ထို့သို့ ဖြန့်ဖြူးရောင်းချရာတွင် သဲကုန်းမြို့နယ်ရှိ ချမ်းမြေ့ငါးကုန်ထုတ် သမဝါယမအသင်းလီမိတက် အသင်းပိုငငါးကန်များမှ ငါးသားပေါက်/ ငါးမှုန် သိန်းတစ်ထောင်ခန့်အား ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)