ပခုက္ကူမြို့၌ သဘာဝဘေးအန္တရာယ်အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ပခုက္ကူ ဇွန် ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ်အသိပညာပေးနှိုးဆော်ခြင်းများကို ဇွန်လ ၂၉ နံနက် ၁၀ နာရီအချိန်က လူစည်ကားရာနေရာများ၊ ဧရာဝတီမြစ်ကမ်းဘေး နီးစပ်ရာရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လူစည်ကားရာလမ်းဆုံများ၊ ဧရာဝတီမြစ်ကမ်းဘေး နီးစပ်ရာ ရပ်ကွက်များတွင် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ/ ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှာသင့်သည့်အချက်များ အားအသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်ခွေ