ကမမောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ပေးအပ်

ကမမောင်း ဇွန် ၂၉

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ဖာပွန်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ကာလအတွင်း ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID (unique Identity) ကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖာပွန်မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက အစိုးရသစ် ရက်(၁၀၀) လမင်းစီမံချက်ကာလအတွင်း UID(Unique Indentity) ကတ် ဆောင်ရွက်ပေးမှုနှင့်အသုံးဝင်ပုံ၊ အချက်အလက်ပြည့်စုံမှန်ကန်မှုရှိရေး ရှင်းလင်းပြောကြားခဲ့ပြီး အသက် (၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ်ပြားမရှိသော ကျောင်းသား၊ ကျောင်းသူ(၁၀၄)ဦးတို့ကို တာဝန်ရှိသူများက လက်ဝယ်အရောက် နိုင်ငံသား စိစစ်ရေးကတ်နှင့် UIDကတ်များ ပေးအပ်သည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးထက်မောင်ဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းညွန့်မောင်၊ ဖာပွန်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုး၊ ဖာပွန်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇော်မင်းဦး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တတ်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

ကမမောင်း(ပြန်/ဆက်)