ကော့ကရိတ် ဇွန် ၂၉
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန် ၂၈ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့ရာ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အနေဖြင့် အောင်မြင်သူ ၅၁ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း အနေဖြင့် ၃၇ ဒဿမ ၂၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၃၇ ဦးရှိခဲ့ရာ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ ၅၁ ဦးရှိပြီး ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် (၃)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ စုစုပေါင်းဂုဏ်ထူးရှင် (၁၃)ဦးရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး သိရသည်။
ကော့ကရိတ်(ပြန်/ဆက်)