ဓနုဖြူမြို့နယ်တွင် ၂၀၂၆- ၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်း

ဓနုဖြူ  ​ ဇွန်   ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊  ဓနုဖြူမြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆- ၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀) စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန် ၂၈ရက် နံနက်ပိုင်းက ငါးဘက်အိုင်ကျေးရွာအုပ်စု၊ ငါးဘက်အိုင်ခေတ်မီစံပြကျေးရွာရှိ ချမ်းသာရဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးကြည်ထွေးခိုင်က ကလေးသူငယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး ဥပရေးရာကိစ္စရပ်များ ဟောပြောဆွေးနွေးသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ ဆရာမအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး၊ သင်တန်းတွင် အကောင်းဆုံးထူးချွန်ဆု ရရှိသူသင်တန်းသူအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းသူများအားသင်တန်းဆင်းလက်မှတ်နှင့် သင်တန်းကာလလွန်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းကို သင်တန်းကာလ (၄၅)ရက်ဖြင့်သင်ကြားဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သင်တန်းသူများ စုစုပေါင်း ၅၀ခန့်တက်ရောက်ခဲ့ကြ​ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)